Thanks for visited to my blog.
ayesnake,
I'm so sorry for your big hand.
Now, I]m stop my blog here.
If I get opportunity, I will.
Tuesday, January 29, 2008
Sunday, December 23, 2007
Saturday, November 10, 2007
Friday, November 9, 2007
တောင်ကွဲစေတီတော်

“တောင်ကွဲစေတီ”ဆိုတာ ကယားပြည်နယ်ရဲ့ ၀ိသေသတစ်ခုပေါ့။ သူ့မှာလည်း ဒဏ္ဍာရီကလေးနဲ့။ သိချင်ကြမယ် ထင်ပါတယ်။
ဟိုးလွန်လေပြီးသောအခါက ကန္ဒရ၀တီနယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေထဲမှာ နှစ်ဖက်မိဘ သဘောမတူ၊ မကြည်ဖြူနိုင်တဲ့ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦး ရှိသတဲ့။ သူတို့ချစ်သူဦးဟာ မခွဲနိုင် မခွာရက်နဲ့ တစ်နေ့မှာ ထွက်ပြေးကြပါလေရော။ သူတို့နောက်ကို နှစ်ဖက်မိဘများက လိုက်လံသတ်ဖြတ်ကြတယ်။ ပြေးရင်း ပြေးရင်းနဲ့ သိပ်ကိုမြင့်မားတဲ့ တောင်ကြီးတစ်လုံးပေါ်လဲရောက်ရောက် ရှေ့ဆက်ပြေးဖို့ မြေမရှိတော့ဘူး။ နောက်ပြန်လှည့်လို့လဲ မဖြစ်တော့ဘူး။ တောင်ထိပ်မှာ စေတီကလေးတစ်ဆူနဲ့ အက်ကြောင်းပေါ်နေတဲ့ ကျောက်ကြားကလေးတစ်နေရာ ရှိနေတယ်။ ဒီတော့ “မထူးတော့ပါဘူး၊ ပြန်မိသွားရင် အသတ်ခံရမဲ့အတူတူ နှစ်ယောက်အတူသေကြမယ်”ဆိုပြီး စေတီရှေ့မှောက်မှာ သစ္စာဆိုကြတယ်။
ဘယ်လိုသစ္စာဆိုလဲဆိုရင် “ဒီဘ၀မှာ သိပ်ချစ်ကြရဲ့နဲ့ မပေါင်းကြရတဲ့အတွက် ဒီစေတီကို လာရောက်ဖူးမျှော်ကြတဲ့ ချစ်သူတိုင်း သူတို့လို ကွဲကြပါစေ၊ မပေါင်းကြရပါစေနဲ့”တဲ့။ ပြီးတော့ ကျောက်ကြားထဲကို လက်တွဲခုန်ချလိုက်ကြတယ်။ သူတို့လည်း ခုန်ချပြီးရောက် အဲဒီ ကျောက်အက်နေရာလေးဟာ အနက်ကြီးဖြစ်သွားပြီး တောင်ကြီးကို နှစ်ခြမ်းကွဲသွားစေတယ်တဲ့။ နောက် အဲဒီတောင်ဟာ “တောင်ကွဲစေတီ”ဆိုတဲ့ နာမည် ဖြစ်လာတာပေါ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ချစ်သူတွေ အဲဒီစေတီကို မဖူးရဘူးနော်။ ကွဲသွားတတ်တယ်။
Subscribe to:
Posts (Atom)


