
ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးအသီးသီးတိုင်းတွင် ရိုးရာယဉ်ကျေးမှုနှင့် ထုံးထမ်းစဉ်လာများကို ပိုင်ဆိုင်ကြသူများဖြစ်သည်။ ထို့အတူ ကယားလူမျိုးများတွင် ရိုးရာပွဲတော်များ ရှိပါသည်။ ယင်းတို့မှာ ဒီးကူပွဲတော်၊ ကောက်သစ်စားပွဲတော်၊ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် စသည်တို့ ရှိပါသည်။
ယခု ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်အကြောင်း တင်ပြပါမည်။ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို နှစ်စဉ် တန်ခူးလတွင် ကျင်းပလေ့ရှိပြီး ကယားလူမျိုးများ၏ အထွတ်အမြတ်ဆုံးပွဲတော်တစ်ခု ဖြစ်သည်။ မြန်မာလူမျိုးများ၏ သင်္ကြန်ပွဲတော်နှင့် ဆင်တူသော်လည်း စည်းမျဉ်းများနှင့် ရိုးရာအစဉ်အလာကြီးမားပြီး အလွန်အလေးထားရသောပွဲတော်တစ်ခု ဖြစ်သည်။
No comments:
Post a Comment